သမ္မတ ဦးထင်ကျော်နှင့် ဇနီးသည် မန္တလေး အထွေထွေ ရောဂါကု ပြည်သူ့ဆေးရုံကြီး အထူး ကြပ်မတ် ကုသဆောင်တွင် နမိုးနီးယား ရောဂါကြောင့် ဆေးကုသမှု ခံယူနေသည့် ရွှေကျင်သာသနာပိုင် သက်တော်ရှည် ဆရာတော်ကြီး ဘဒ္ဒန္တ အဂ္ဃိယ (၀ါဆိုကျောင်းတိုက်) ကို ဖူးမြော် နှုတ်ဆက်ခဲ့ကြသည်။
သမ္မတ ဦးထင်ကျော်သည် ဇန်နဝါရီ ၂၇ ရက်တွင် ပြုလုပ်မည့် “ကလေးစာပေပွဲတော်” ဖွင့်ပွဲသို့ တက်ရောက်ရန် မန္တလေးမြို့သို့ ရောက်ရှိနေခြင်း ဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း ဆရာတော်အား လာရောက် ဦးခိုက်ခြင်းဖြစ်ပြီး နိုင်ငံတော ပရိယတ္တိ သာသနာ့ တက္ကသိုလ်၊ မဟာမုနိမြတ်စွာဘုရားနှင့် ကျောက်ဆည် တမုတ်ရှင်ပင်ရွှေဂူကြီး ဘုရားသို့သွားရောက်ရန် စီစဉ်ထားကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ထံက သိရသည်။