ရွှေတိဂုံစေတီတော်နှင့် မြန်မာနိုင်ငံ၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် တို့သည် ဆက်စပ်နေသည်။ ၁၈၇၀ ခုနှစ်က နယ်ချဲ့ဗြိတိသျှက အောက် မြန်မာပြည်ကို သိမ်းထာစဉ် ရွှေတိဂုံစေတီတော် ထီးတော်အသစ်တင်ခြင်း နှင့်ပတ်သက်၍ ဆရာတော်ကြီးများနှင့် ဂေါပကလူကြီးများက အထက် မြန်မာပြည်ကို အုပ်ချုပ်ဆဲဖြစ်သော မင်းတုန်းမင်းတြားကြီးကို အကူအညီ လှမ်းတောင်းခဲ့သည်။
တို့တည်ခဲ့တဲ့ ဘုရားကို တို့ရဲ့ဘုရင်ကပဲ ထီးတင်ခွင့် ရှိတယ်ဆိုသော နိုင်ငံရေး၊ အမျိုးသားရေးစိတ်နှင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မင်းတုန်းမင်း ကလည်း ထီးတော်အသစ်ကို ထက်သန်စွာ လှူဒါန်းခဲ့သည်ဟု သမိုင်း အထောက်အထားများအရ သိရသည်။
မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမူ၊ သခင်လှုပ်ရှားမူတွင်လည်း ရွှေတိဂုံ စေတီတော်က သမိုင်း၏ အဓိကအခန်းကဏ္ဍမှ ပါခဲ့သည်။ တိုင်းပြည် ခေါင်းဆောင်များ ဖြစ်လာမည့် သခင်ကျောင်းသားများ၏ စုဝေးရာ၊ နယ်ချဲ့ကိုအံတုခဲ့သော သပိတ်မှောက် ကျောင်းသူကျောင်းသားများ စုစည်း အဓိဋ္ဌာန်ပြုသော နေရာဖြစ်သကဲ့သို့ တိုင်းပြည်၏ ခေါင်းဆောင်များက ပြည်သူပြည်သားများကို မိန့်ခွန်းြွမက်ကြားရာ အထွတ်အမြတ်နေရာလည်း ဖြစ်သည်။
ဘုရားကုန်းပေါ် ဖိနပ်စီးပြီး သွေးတိုးစမ်းစော်ကားသော နယ်ချဲ့များ၏ လုပ်ရပ်ကြောင့် ပြည်သူပြည်သားများက အော့နှလုံးနာပြီး “ဖိနပ်ပြဿနာ” အရေး ပေါ်ပေါက်ကာ အမျိုးသားရေးစိတ်များ နိုးကြားခဲ့ကြဖူးသည်။
ကျောင်းသား ခေါင်းဆောင်ဟောင်း၊ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ၊ ရွှေတိဂုံ စေတီတော် ခြေရင်းတို့တွင် ရဲရဲတောက် လွတ်လပ်ရေးမိန့်ခွန်း ပေးခဲ့ဖူး သည်။ သူ၏သမီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ၁၉၈၈ ခုနှစ်တွင် ဒီမိုကရေစီအရေး နိုးကြားတက်ြွကနေသော ရဟန်းရှင်လူ၊ ပြည်သူ ပြည်သားများကို ဟောပြောခဲ့ဖူးသည်။
ယခု Saving the Shwedagon ဆိုသော ေြွကးကြော်သံနှင့်အတူ ရန်ကုန်ရှိ ရပ်မိရပ်ဖများ၊ အင်ဂျင်နီယာများ၊ ဗိသုကာ ပညာရှင်များ၊ ဘူမိဗေဒ ပညာရှင်များနှင့် စိုးရိမ်ပူပန်သူများက ရွှေတိဂုံစေတီတော် အနီးဝန်းကျင်တွင် ဆောက်လုပ်မည့် အမြင့်ကွန်ဒို၊ Shoping mall များနှင့် ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရကို ပြန်လည် စစ်ဆေး သုံးသပ်ရန် ပန်ကြားခဲ့သည်။
ရန်ကုန်မြို့တော်ကို ဖွံ့ဖြိုးစည်ပင်အောင် ချဲ့ထွင်ရာတွင် ရွှေတိဂုံ စေတီတော်ကို အဓိကဦးတည်ပြီး မြို့ပြချဲ့ထွင် တည်ဆောက်ရေး လုပ်ငန်း များကို စဉ်းစဉ်းစားစား တည်ဆောက်သင့်သည်ဟု ရန်ကုန်အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ (Yangon Heritage Trust) မှ ဒေါက်တာ သန်းမြင့်ဦး ကလည်း ပြောကြားခဲ့သည်။
ရွှေတိဂုံစေတီတော်ကို ကာကွယ်စောင့်ရှောက်ရမည့် အရေးက နိုင်ငံတော်အရေး ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာပြည်၏ ကြီးကြယ်သောပုံရိပ် ဖြစ်နေသောကြောင့် ဖြစ်သည်။
ရွှေတိဂုံစေတီတော်သည် မြန်မာလူထုအတွက်ဖြစ်ပြီး လူတစုအတွက် မဟုတ်ဟု ပညာရှင်များက ပြတ်ပြတ်သားသားပင် ပြောကြားခဲ့သည်။ သမ္မတ ဦးသိန်းစိန် အစိုးရက ထင်သာမြင်သာရှိအောင် လုပ်ဆောင်ပြဖို့ လိုပြီဟု ဆိုရမည်။