ကမ္ဘာမှာ သြဇာညောင်းတဲ့ The New York Times သတင်းစာကြီးက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က “The Plunder of Myanmar” မြန်မာ့သယံဇာတတွေကို အိမ်နီးချင်း တရုတ်နိုင်ငံက လုယက်နေတယ်ဆိုပြီး သူ့ရဲ့ ခေါင်းကြီးပိုင်းကနေ ပြင်းပြင်းထန်ထန်ဝေဖန် ရေးသား ခဲ့ပါတယ်။
မြန်မာ့ ရေ ၊ မြေ၊ တောတောင်က ရှားပါးတိရစ္ဆာန်တွေဖြစ်တဲ့ ကျား၊ ကျားသစ်၊ ဝက်ဝံ နဲ့ သင်းခွေချပ် အပါအဝင် သစ်တော နဲ့ ရှားပါးသစ်ပင်တွေ ပန်းပင်တွေကို ဥပဒေမဲ့ ဝင် ရောက် ယူဆောင်ပြီး တရုတ်ပြည်ဘက်ကို နှစ်ကာလများစွာ တရားမဝင် သယ်ဆောင် နေတာကို ရေးသားခဲ့ပါတယ်။
ဒါ့အပြင် လက်ပံတောင်း ကြေးနီတောင် စီမံကိန်းမှာ တရုတ်ကုမ္ပဏီရဲ့ လုပ်ရပ်တွေနဲ့ မြန်မာအာဏာပိုင်တွေက အတင်းအကြမ်းဖက် ဖြိုခွင်းပြီး တရုတ်ရဲ့ အကျိုးစီးပွားကို ကာကွယ်ခဲ့တာကိုလည်း ထောက်ပြ ဝေဖန် ရေးသားထားပါတယ်။
တရုတ်ရဲ့ ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာအစိုးရ စစ်တပ်ပိုင် ကုမ္ပဏီတွေအကြားက စီးပွားရေး လုပ်ငန်းကြီးတွေမှာ ကြားက ဓားစာခံကတော့ ဒေသခံ ပြည်သူပြည်သားတွေပဲ ဖြစ်ပါ တယ်။
မြန်မာနိုင်ငံသူ/သား တွေကတော့ ဒီလိုသူတို့ရဲ့ ရေ၊ မြေ၊ တောတောင်နဲ့ တွင်းထွက် သယံဇာတတွေကို လာရောက်ယူငင်နေတာကို လက်ပိုက်ကြည့်ပြီး မနေနိုင်ကြဘူးလို့ နယူးယောက်တိုင်းမ် သတင်းစာကြီးက ရေးသားလိုက်ပါတယ်။
ဒီလို ဝေဖန်ရေးသားချက်ကို တရုတ်အစိုးရက လက်မခံကြောင်း တရုတ်အစိုးရ နိုင်ငံခြား ရေးဝန်ကြီး ဌာနက ပြင်းပြင်းထန်ထန် တုံ့ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည် ခရီးစဉ်အတွင်း တရုတ်ရဲ့ မြန်မာ့မြေပေါ်က သယံဇာတတွေကို တရားမဲ့ တံခါးမဲ့ ယူဆောင်နေတဲ့ ကိစ္စတွေကိုလည်း ပြောကြားမယ်လို့ အချို့က ယူဆနေကြပါတယ်။
တကယ်တော့ တရားဥပဒေ စိုးမိုးမှု အားနည်းတဲ့ ဒေသတွေ စစ်ပွဲတွေ ပဋိပက္ခတွေ ဖြစ်ပွား နေတဲ့ အညိုရောင်၊ အမဲရောင် နယ်မြေတွေမှာ မှောင်ခိုကူးသန်းရောင်းဝယ်မှုတွေ သံယံဇာ တတွေကို အတင်းဝင်ရောက်ယူနေတာတွေ ဖြစ်နိုင်ပါတယ်။
တချိန်ထဲမှာပဲ အရင်စစ်အစိုးရ ခေါင်းဆောင်တွေဟာ တိုင်းပြည်ရဲ့ လက်ငုတ်လက်ရင်း သယံဇာတတွေ ကြေးနီတောင်လို သတ္တုတွင်းတွေ မြစ်ဆုံလို စီမံကိန်းတွေ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း နဲ့ သဘာဝရေနံ ဓာတ်ငွေ့တွေကို စည်းမဲ့ကမ်းမဲ့ ရောင်းစားခဲ့ပြီး (ပြည်သူ /သားတွေလည်း သိခွင့်မရ) အကြီးအကျယ် ချမ်းသာသွားခဲ့ကြတာပဲ ဖြစ်ပါတယ်။
တိုင်းသူ ပြည်သားတွေကတော့ ဆင်းရဲတွင်းထဲမှာပဲ ဆင်းရဲမွဲတေပြီး ငရဲတွင်းမှာ နက်ခဲ့ ပါတယ်။
ဒီလို သံယံဇာတတွေကို ကိုယ့်ရဲ့ဘိုးဘွားပိုင်လို ရောင်းစားခဲ့တာ ဒေါ်အောင်ဆန်းစုကြည် တော့ မဟုတ်ပါ။ ဒါကြောင့် ဒီၤပြဿနာတွေကို သူမအနေနဲ့ တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ရင် ဖြေရှင်းပေးပါလို့ ပြောဆိုတာကတော့ သဘာဝမကျနိုင်ပါ။
သို့သော်လည်း ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်တို့လို မျှမျှတတရှိပြီး တိုင်းပြည် အကျိုးကို စေတနာပါပါနဲ့ ကြည့်တတ်တဲ့ ခေါင်းဆောင်တွေ တင်မြှောက်ခံရမှာသာ ဒီ Issue တွေကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။