စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ၂၈ ကြိမ်မြောက် SEA Games အားကစားပြိုင်ပွဲ၌ ထိုင်း-မြန်မာ ဘောလုံး နောက်ဆုံး ဗိုလ်လုပွဲ၌ မြန်မာအသင်းက ဒုတိယဆု ငွေတံဆိပ်ကိုသာ ရရှိခဲ့ခြင်းကိုပင် ကျေနပ်သင့်သည်။
ကောင်းမွန်သည့် အားကစားကွင်းများ မရှိခြင်း၊ စနစ်တကျ လေ့ကျင့် ပြုစု ပျိုးထောင်ပေးမှု မရှိခြင်း၊ ရပ် ကွက်ထဲရှိ ကွက်လပ်ပြင်များ၊ လူသွားလမ်းများအား ပိတ်ဆို့၍ ဘောလုံးကန်ခဲ့ ကြရသည့်တိုင် ဗိုလ်လုပွဲ အဆင့်ထိ တက်လှမ်းနိုင်ခဲ့သည့် မြန်မာလူငယ် ဘောလုံးကစား သမားများ၏ အရည်အချင်းသည်ကား မညံ့လှဟု ဆိုရပေမည်။
မြန်မာ့ဘောလုံး အားကစားအား နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်ရေးအတွက် နိုင်ငံတော် အစိုး ရ၏ ကူညီပံ့ပိုးပေးမှု အဓိကကျသည်။ ပြိုင်ပွဲဝင်ချိန် အနီးကပ်မှ တပွဲထိုး စနစ်ဖြင့် လေ့ ကျင့်ပြိုင်ပွဲဝင်မည့် အစား နိုင်ငံတဝန်း၌ အားကစားကွင်းများ စနစ်တကျ တည်ဆောက်၍ မူလတန်း အရွယ်မှစ၍ လေ့ကျင့်ပြု ပျိုးထောင်ပေးပြီး အားကစား သမားကောင်းများ မွေး ထုတ်ပေးရန် လိုအပ်သည်။ ထို့အတူ ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတို့ အတွက်ပါ စနစ်တကျ ဆောင်ရွက်ပေးရန်လိုသည်။
မြန်မာနှင့် ယှဉ်ကန်ခဲ့သည့် ထိုင်းနိုင်ငံ၌ ဘောလုံးအသင်းများကို နားလည် တတ်ကျွမ်း သူများ၊ နည်းပြ ဆရာများနှင့် လွတ်လပ်စွာ ပြုစုပျိုးထောင်ခွင့် ပေးထားသည်။ Political interference မရှိသကဲ့သို့ နိုင်ငံရေးအရ အမြတ်ထုတ်ခြင်း၊ ဒိုင်ဗင်ဝင် ထိုးခြင်းများ မရှိသ လောက် နည်းပါးလှသည်။
အစိုးရ အာဏာပိုင်များ အနေဖြင့် လည်း ပြိုင်ပွဲကျင်းပသည့် အချိန်ရောက်မှသာ နိုင်ငံတော် အဆင့် ပုဂ္ဂိုလ် များကိုယ်တိုင် သွားရောက် အားပေးခြင်း၊ သဝဏ်လွှာပေးပို့ခြင်း၊ ဆုတောင်း ပေးခြင်း စသည့် ပါဝင်နှမ်းဖြူး၍ နိုင်ငံရေး အမြတ်ထုတ်တတ်သည့် အကျင့်များကိုတော့ မလုပ်သင့်တော့ပါ။
ရွှေတံဆိပ် နှင့် ထိုက်တန်သည်ဆိုသည့် အသိစိတ် စေတနာဖြင့် ဘောလုံးလောကအား မျက်တောင်တဆုံးမကြည့်ဘဲ ရရှည်အတွက် အထောက်အကူပံ့ပိုးပေးမည့် အဖွဲ့စည်းများ၊ လူပုဂ္ဂိုလ်များ ပေါ်ပေါက်လာရန် ရွှေမြန်မာတို့ ကြိုးစားဖို့ လိုအပ်ပါသည်။