၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်သန့်ရှင်းပါက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက မဲအများဆုံးဖြင့် အနိုင်ရရန် သေချာနေပြီ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်ကတည်းက မြန်မာပြည် ဒီမိုကရေစီရေးတွင် နိုင်ငံတကာက အသိအမှတ်ပြုခဲ့သော ထင်ရှားသည့်ပုံရိပ်ဖြစ်သည်။
သူနှင့် မြန်မာပြည်သူပြည်သား တိုင်းရင်းသားများ၏ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးလူများမူများကို တွဲလျက်မြင်ခဲ့၊ အသိအမှတ်ပြုခဲ့သည်။
မြန်မာပြည်၏ ဒီမိုကရေစီရေး လှုပ်ရှားမှုများနှင့် အနစ်နာခံခဲ့သူများ၏ သမိုင်းကို နိုင်ငံတကာက မှတ်ကျောက်တင်ခဲ့ကြသည်။
တိုင်းပြည်ကို သမ္မတ ဦးသိန်းစိန်အစိုးရက တံခါးဖွင့်ပေးခဲ့ပြီး ယခု ကျင်းပသော မြန်မာ့နိုင်ငံ၏ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ၏ အောင်ပွဲရလျှင် ပြည်သူပြည်သားတို့၏ အောင်ပွဲပင် ဖြစ်မည်။
ထိုအောင်ပွဲခံရမည့်အချိန်ကို အားလုံးက စောင့်မျှော်ခဲ့ကြသည်။ အိပ်မက်ဆိုးများ လွန်လျှင် အမှောင်ခေတ် ကျော်လွန်ကာ ဒီမိုကရေစီ အလင်းရောင်ခေတ်ကို ရောက်ရမည်ဖြစ်သည်။
ယခုကာလသည် တိုင်းပြည်၏မျက်နှာကို ကြည့်ရမည့်အချိန်၊ အနာဂတ်ကို တည်ဆောက်ရမည့်အချိန် ဖြစ် သည်။ ယခုအချိန်သည် စွန့်လွှတ်စွန့်စား အနစ်နာခံခဲ့သည် သန်းပေါင်းများစွာသော အောင်ပွဲကိုဆင်နွှဲရမည့် အချိန်ဖြစ်သည်။ တိုင်းပြည်ကို တံခါးဖွင့်ခဲ့သူများလည်း ဂုဏ်ယူရမည့်အချိန်ဟု ဩဘာပေးလိုက်ပါသည်။
အာဏာရှင်စနစ်အောက်မှ ရာစုနှစ်တဝက် နေခဲ့ရာမှ သမိုင်းဝင် အပြောင်းအလဲတခုကို ပြည်သူလူထုက အဆုံးအဖြတ်ပေးရန် အချိန်ကျပြီဖြစ်သည်။