မကြာခင်ရိုက်ကူးတော့မယ့် ဇာတ်ကားအသစ် “The Cursed Child” မှာ ဟယ်ရီပေါ်တာ ဇာတ်ကောင်အဖြစ် ဟယ်ရီပေါ်တာမင်းသား Daniel Radcliffee ကပဲ ပြန်သရုပ်ဆောင်မယ်လို့ နိုင်ငံတကာ အနုပညာသတင်းများက ဆိုပါတယ်။
ဟယ်ရီပေါ်တာမင်းသား အဓိကသရုပ်ဆောင်ထားတဲ့ “Deathly Hallows Part 2” ဇာတ်ကားထွက်ခဲ့ ပြီး ၅ နှစ် အကြာမှာ Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးကနေ နောက်ထပ် မှော်ဇာတ်လမ်းတွဲ တခု ဖြစ်သော “The Cursed Child” ဆိုတဲ့ ဇာတ်ကားအသစ်မှာ ဟယ်ရီပေါ်တာကို လူကြီး ဇာတ်ရုပ် အဖြစ်နဲ့ သရုပ်ဆောင် ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။
ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲကို ရေးသားသူ စာရေးဆရာမ JK Rowling ဟာ ပရိသတ်ကို နောက်ထပ် “Harry Potter and the cursed child” စာအုပ် ၃ အုပ်ကို ထုတ်ဝေတော့မယ်ဆိုတဲ့ သတင်းရဲ့ နောက်ဆက်တွဲ အံ့အားသင့်စရာ သတင်းအနေနဲ့ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
စာအုပ်နဲ့ပတ်သက်ပြီး အမြည်းသဘော ဖော်ပြထားတာကတော့ ဟယ်ရီပေါ်တာဟာ မှော်ဝန်ကြီးရုံးမှာ အလုပ်တွေပိနေတဲ့ ၀န်ထမ်းတယောက်၊ ပြီးတော့ ခင်ပွန်းကောင်း တယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့သူ၊ ပြီးတော့ ကလေး ၃ ယောက်ရဲ့ တာဝန်ကိုလည်း ယူထားရတဲ့ ဘဝတွေနဲ့ အစပျိုးထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် သူ့ရဲ့သားအငယ်ဆုံးဖြစ်တဲ့ Albus ဟာလည်း ဟယ်ရီပေါ်တာရဲ့ သားဆိုတဲ့ လူတိုင်းရဲ့ အကြည့်တွေအောက်မှာ သူ့ကိုဝန်ပိစေတဲ့ အကြောင်းအရာတွေကို ရင်ဆိုင်နေရတဲ့ ဘဝ၊ သားအဖ နှစ်ဦးရဲ့ဘဝကိုလည်း ပုံဖော်ထားပါသေးတယ်။
Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးဟာဆိုရင် မူပိုင်ခွင့်ရဖို့ ကြိုးစားနေပြိး Radcliffe ကို ရုပ်ရှင် ပိတ်ကားပေါ်မှာ ထပ်မံခေါ်ဆောင်လာဖို့ စိတ်ထားထက်သန်နေတယ်လို့ New York Daily သတင်းဌာနက ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဟယ်ရီပေါ်တာ ပရိသတ်တွေအတွက်တော့ ဒါဟာ ရင်ခုန်ချင်စရာ သတင်းကောင်း တခုပါပဲ။
Ref : www.mirror.co.uk
Ref :www.harrypottertheplay.com