ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် ဖြစ်ပွားသည့် ပဋိပက္ခများ၌ နောက်ကွယ်မှ ကြိုးကိုင်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ကို ဖော်ထုတ်ရန် စုံစမ်း စစ်ဆေးမှု လုပ်ဆောင်နေပြီဟု သိရသည်။
ရခိုင်ဒေသ ပဋိပက္ခနှင့်ပတ်သက်ပြီး နောက်ကွယ်မှ ကြိုးကိုင်သူများသည် ပြည်တွင်း၊ ပြည်ပမှ အဖွဲ့အစည်း တချို့နှင့် လူပုဂ္ဂိုလ် များက လုပ်ဆောင်နေကြောင်း သတင်းအမျိုးမျိုး ထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး က တရားဝင် ထုတ်ဖော်ကြေညာရန် အချိန်မတန်သေးကြောင်း ဧရာဝတီကို ပြောသည်။
“ကြိုးကိုင်မှုတချို့ တွေ့ရှိထားတာတော့ရှိပါတယ်၊ ဒါပေမယ့် စုံစမ်းဖော်ထုတ်ဆဲ ဖြစ်လို့ ဘယ်သူ၊ ဘယ်ဝါ ဆိုတာကို တရားဝင် ကြေညာလို့မရသေးပါဘူး၊ စုံစမ်းဖော်ထုတ်ပြီးရင် အားလုံး ရှင်းရှင်းလင်းလင်းဖြစ်အောင် ကြေညာမယ်၊ ဘာမှ ကွယ်ဝှက် ထား စရာ မရှိပါဘူး”ဟု ၎င်းက ဆိုသည်။
ဇွန်လဆန်းမှ စတင်၍ လက်ရှိအချိန်အထိ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင်း ပဋိပက္ခများကြောင့် သေဆုံးသူ ၁၇၀ ဝန်းကျင်၊ ဒဏ်ရာရသူ ၂၀၀ ကျော်၊ လူနေအိမ် ၈၀၀၀ ဝန်းကျင်၊ ဘုန်းကြီးကျောင်း ၂၀ ခန့်၊ စာသင်ကျောင်း ၅ ကျောင်း၊ ဗလီ ၁၈ ခု ပျက် စီးသွားကြောင်း အာဏာပိုင်အဖွဲ့ စာရင်းများအရ သိရသည်။
လူသေဆုံးမှု၊ ဒဏ်ရာရမှု၊ ပျက်စီးဆုံးရှှုံးများ ဖြစ်ပေါ်ခဲ့ရသည့် ပဋိပက္ခများဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေး ကော် မရှင် ၂ ခု ဖွဲ့စည်း ထားသော်လည်း ယနေ့အထိ စစ်ဆေးတွေ့ရှိမှုများအား တရားဝင် ကြေညာခြင်း မရှိသေးပေ။
သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ရခိုင်ဒေသပြဿနာသည် ရာဇဝတ်မှုများ ဖြစ်ကြောင်း၊ ရာဇဝတ်မှု ဖော်ထုတ်ရာတွင် မည်သူမည်ဝါဖြစ်ကြောင်း ကြိုတင်ထုတ်ဖော်ပြောဆိုမှု မရှိကြောင်း၊ ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ ဖွဲ့စည်းထားသော စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာတစောင်ကိုလည်း သမ္မတထံ တင်ပြထားပြီး ဖြစ်ကြောင်း ပြောဆိုသည်။
တောင်ကုတ်မြို့၌ ဇွန်းလဆန်းက လူ ၁၀ ဦးအသတ်ခံမှုနှင့်ပတ်သက်၍လည်း ဆက်နွယ်ပတ်သက်သူတချို့ တွေ့ရှိထားပြီး ဖြစ် ကြောင်း၊ စုံစမ်း စစ်ဆေးမှု အားလုံးပြီးစီးသွားပါက ပြည်သူကို ကြေညာပေးသွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။
ထိုအမှုကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် ပြည်ထဲရေး ဒု ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော် မတီ တခုကို နိုင်ငံတော် သမ္မတ အမိန့်ဖြင့် ဖွဲ့စည်းပေးထားပြီး ရခိုင်ပြည်နယ် တခုလုံး၏ ပဋိပက္ခကို စုံစမ်းစစ်ဆေးရန် အလွှာပေါင်းစုံမှ အဖွဲ့ဝင် ၂၇ ဦး ပါဝင်သည့် စုံစမ်းစမ်းရေး ကော်မရှင် တခုကိုလည်း ဖွဲ့စည်းထားသည်။
ရခိုင်ပဋိပက္ခ တဖြည်းဖြည်း ကြီးထွားသွားခြင်းသည် အင်တာနက် လူမှု ကွန်ရက် စာမျက်နှာများ၌ ဘာသာရေး၊ လူမျိုးရေးကိစ္စများကို ဝါဒဖြန့် ပြောဆိုမှုများ ပါဝင်ကြောင်း ဝေဖန်မှုများလည်း ရှိသည်။
လတ်တလော ပဋိပက္ခများကြောင့် နှစ်ဘက်စလုံးမှ ဒုက္ခသည် ၃၀၀၀၀ ကျော်ရှိကြောင်း၊ အများစုမှာ မွတ်စလင်များ ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်များက ဆိုသည်။ ထိုဒုက္ခသည်များ အတွက် အကူအညီများ လိုအပ်နေကြောင်းလည်း ရခိုင်ပြည် နယ် အစိုးရအဖွဲ့၏ ပြောခွင့်ရသူ ဦးဝင်းမြိုင် က ဧရာဝတီ ကို ပြောသည်။
“လောလောဆည်တော့ ပထမအကြိမ်ဖြစ်တုန်းက စုဆောင်းထားတဲ့ ပစ္စည်းတွေ၊ ရွက်ဖျင်တဲတွေနဲ့ နေရာချပေးထားတယ်၊ ရေ ရှည်အတွက်တော့ အကူအညီတွေလိုအပ်မှာ”ဟု ၎င်းက ဆိုသည်။
တကျော့ပြန် ရခိုင်ပဋိပက္ခသည် မင်းပြားမြို့မှ စတင်ခဲ့ပြီး မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ ကျောက်တော်၊ ပေါက် တော၊ ရမ်းဗြဲ စသည့် မြို့နယ်များသို့ ကူးစက်သွားကာ ရခိုင်ဒေသခံများနှင့် မွတ်စလင်များ အကြား အပြန်အလှန် မီးရှှို့မှု၊ တိုက်ခိုက်မှုများကြောင့် ဒဏ်ရာ ရသူအများ အပြားလည်း ရှိသည်။
ရခိုင်ပဋိပက္ခ လုံး၀ တည်ငြိမ်သွားခြင်းမျိုး မရှိသေးဘဲ ရမ်းဗြဲမြိုနယ် ကျောက်နီမော် အရပ်၌ မွတ်စလင်များအား သီးသန့် နေရာ ချ ထားပေးရန် ယနေ့ နံနက်တွင် လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်မှု ပြုလုပ်သည်ကို လုံခြုံရေး တပ်ဖွဲ့က ပစ်ခတ်လူစုခွဲရာ လူ တဦး သေဆုံးပြီး တဦးဒဏ်ရာ ရသွားကြောင်း သိရသည်။
ပဋိပက္ခ ရုတ်တရက် ကြီးထွားသွားရခြင်းသည် ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ၏ လုံခြုံရေး အစီအစဉ် အားနည်းခြင်း နှင့် တာဝန်ယူမှု ပျက်ကွက်ခြင်း၊ ပဋိပက္ခဖြေရှင်းသည့် စစ်တပ်သည်လည်း မိုးပေါ်ထောင်၍ ခြောက်လှန့် ပစ်ခတ်ရမည့် အစား လူကိုပစ်မှတ်သဖွယ် ပစ်ခတ်၍ သေဆုံးသူ များရခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက ပြောဆိုကြသည်။
ထိုသို့ ပစ်ခတ်မှုများ အတွက် စစ်တပ်အရာရှိများနှင့် တာဝန်ရှိသူများကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဟု ကျောက်တော်နှင့် ရသေ့တောင် ဒေသခံများကလည်း ဧရာဝတီ ကို ပြောသည်။
ပြည်နယ်အစိုးရနှင့်သမ္မတရုံး အဖွဲ့တို့ကမူ စစ်တပ်က ပစ်ခတ်မှုရှိလျှင်လည်း ဥပဒေအတိုင်း လိုအပ်ချက်အရ ပစ်ခတ်မှု ရှိနိုင်ကြောင်း တုံ့ပြန် ပြောဆိုသည်။ လူသေသည့် ပစ်ခတ်မှုကို ဒေသဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်ထားကြောင်း သိရသော်လည်း မည်သို့ အရေးယူမည်ကို မသိရသေးပေ။
ဇွန်လအတွင်း စတင်ခဲ့သော ပဋိပက္ခများ၊ အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်မှ မြို့နယ်အများစုကို ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ရခိုင်တပြည်လုံးကိုလည်း အရေးပေါ် အခြေအနေ ကြေညာထားခြင်းကို ရုပ်သိမ်းမှု မရှိသေးပေ။
အစိုးရသတင်းစာများတွင်လည်း စစ်တပ်ကပစ်ခတ်ခြင်းမဟုတ်ဘဲ လူစုလူဝေးအချင်ချင်းမှားယွင်းပစ်ခတ်ခြင်းကြောင့် ကျောက် တော်မြို့၌ လူ ၄ ဦး သေဆုံးကြောင်း၊ လူစုလူဝေးများထံမှ တူမီးသေနတ် စုစုပေါင်း ၇၁ လက် သိမ်းဆည်းရမိကြောင်း အောက် တိုဘာ၂၉ ရက်နေ့က ရေးထားသည်။
ထို့ကြောင့် ရခိုင်ဒေသ၌ လက်ရှိတွင် လုံခြုံရေး အင်အားတိုးချထားကြောင်း၊ ရခိုင်ဒေသ ပဋိပက္ခသည် သာမန်ဖြစ်ရိုး ဖြစ်စဉ် တခု မဟုတ်ဘဲ အမျိုးသားလုံခြုံရေးနှင့် သက်ဆိုင်ကြောင်း၊ ထို့ကြောင့် စနစ်တကျကိုင်တွယ်၍ ဥပဒေအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ပြောခွင့်ရသူက ဆိုသည်။
လက်ရှိတွင်လည်း ဆူပူအကြမ်းဖက်မှုများနှိမ်နင်း ဖြိုခွင်းရန်အတွက် မျက်ရည်ယိုဗုံးများ အပါအဝင် အဓိကရုဏ်း နှိမ်နင်ရေး လက်နက် ကိရိယာများ လုံလောက်စွာ ဖြန့်ဖြူးပေးထားကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အား ၅၀၀၀ ကျော်၊ နယ်စပ် ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး(နစက) တပ်ဖွဲ့ဝင် ၁၀၀၀ ကျော်နှင့် တပ်မတော် တပ်ရင်း ၅၁ ရင်းတို့ကို လုံခြုံရေး ချပေးထားကြောင်း သမ္မတရုံး ပြောခွင့်ရသူ က ပြောဆိုသည်။
တကျော့ပြန် ဖြစ်ပွားသည့် ဆူပူအကြမ်းဖက်မှုကြောင့် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကိုနစ်နာစေသဖြင့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့၊ တပ်မတော်နှင့် ဒေသခံ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း တည်ငြိမ်ရေး ကို ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဟု နိုင်ငံတော် သမ္မတရုံးက အောက်တိုဘာ ၂၅ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန် ထားသည်။
ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင်လှှုပ်ရှားမှုများ ရှိနေကြောင်း သိရှိရသည့် အတွက် ဖော်ထုတ်ပြီး ဥပဒေနှင့် အညီ အရေးယူသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထား သကဲ့သို့ တောင်ကုတ်မြို့၌ ဇွန်လဆန်း က လူ ၁၀ ဦး အသတ်ခံရမှု ကိစ္စတွင်လည်း နောက်ကွယ်မှ ပါဝင်ပတ်သက်သူ တချို့ရှိသည်ဟု အစိုးရက ပြောဆိုခဲ့သေးသည်။