ချင်းတွင်းမြစ်ပေါ်တွင် တည်ဆောက်နေသော ထမံသီ ရေအားလျှပ်စစ် စီမံကိန်း ရပ်ဆိုင်းပေးရန် ကူကီး အမျိုးသမီးများ ဆိုင် ရာ လူ့အခွင့်ရေး အစည်းအရုံး(KWHRO) က ယနေ့ တောင်းဆိုလိုက်သည်။ ယင်း စီမံကိန်းကြောင့် ဒေသခံ ၄၅၀၀၀ ကျော် ပြောင်းရွှေ့ခံရဖွယ်ရှိကြောင်းနှင့် လူမှုရေးနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများကို ဖြစ်ပေါ်စေကြောင်း KWHRO ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ထိုစီမံကိန်းကို မြန်မာအစိုးရနှင့် အိန္ဒိယ နိုင်ငံပိုင် ရေအား လျှပ်စစ်လုပ်ငန်း NHPC က တည်ဆောက်လျက် ရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။