သမ္မတ ဦးသိန်းစိန် အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်ဒဏ်များကို လျှော့ချကြောင်း ဇန်နဝါရီလ ၂ ရက်နေ့တွင် ကြေညာလိုက်သည်။ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွင် သေဒဏ်ကို ထောင်ဒဏ်တသက်တကျွန်း၊ နှစ် ၃၀ ကျော် ထောင်ဒဏ်များကို နှစ် ၃၀၊ နှစ် ၂၀ နှင့် ၃၀ ကြား ထောင်ဒဏ်များကို နှစ် ၂၀၊ နှစ် ၂၀ အောက် ထောင်ဒဏ်များကို ၄ ပုံ ၁ ပုံသို့ အသီးသီး လျှော့ချလိုက်သည်။ လတ်တလော ရရှိသည့် စာရင်းများအရ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးအကျဉ်းသား ၃၅ ဦးသာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။