အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မနက်ဖြန် နံနက်တွင် ရန်ကုန်တိုင်း ကျိုက်ထော်ကျေးရွာနှင့် ဧရာဝတီတိုင်း ဖျာပုံမြို့သို့ ရေလမ်းခရီးမှ ရှပ်ပြေးယာဉ်ဖြင့် သွားရောက်မည်ဟု သိရသည်။
နံနက်စောစော ရန်ကုန်မြို့မှ ထွက်ခွာရန် စီစဉ်ထားသော်လည်း မြစ်ကြောင်းအတွင်း ရာသီဥတုအခြေအနေ အနည်းငယ် ဆိုးရွားသည့်အတွက် ၈ နာရီခန့်တွင် ထွက်ခွာရန်စီစဉ်ထားသည်ဟု နီးစပ်သည့် အသိုင်းအဝန်းမှ သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။