လက်ကိုင်ဖုန်းများသို့ သတင်းတို (SMS) ပေးပို့သည့် စနစ်ကို ပြည်တွင်းရှိ Eleven Media Group က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက် က စတင် စမ်းသပ် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။ ယင်း စမ်းသပ်ကာလ ၂ ပတ်ကို အခမဲ့ ပေးပို့ခြင်းဖြစ်ပြီး စမ်းသပ် ကာလ လွန်မြောက်ပါက သတင်းတို ရယူလိုသူများသည် တလ အတွက် ကျပ်၂၅၀၀ ပေးဆောင်ရမည် ဖြစ်သည်။ ထိုသို့ သတင်းတို ပေးပို့ခြင်း ကို နေ့စဉ် နံနက် ၇ နာရီ တကြိမ်၊ မွန်းလွဲ ၂ နာရီတွင်တကြိမ် ပေးပို့မည်ဖြစ်ကြောင်း Eleven Media Group က ဆိုသည်။ လတ်တလော၌ အင်္ဂလိပ် ဘာသာဖြင့်သာ ပေးပို့နိုင်ဦးမည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။