ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် ၃ ရှိ တိုင်ရီ ဖိနပ်စက်ရုံမှ ဆန္ဒပြ အလုပ်သမားအားလုံးသည် ယနေ့ လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက် လုပ်ကိုင်နေကြောင်း သိရသည်။ ၎င်းတို့၏ နစ်နာမှုများနှင့် ရပိုင်ခွင့်များအတွက် ဝါဏိဇ္ဇ ပဋိပက္ခ ဖြေရှင်းရေးရုံး သို့ တိုင်
ကြား လျှောက်ထားရာ ထိုရုံး၏ ဆုံးဖြတ်ချက်မကျခင် ဆန္ဒပြခွင့်မရှိဟူသော စည်းကမ်းအရ လုပ်ငန်းခွင် ပြန်ဝင်နေရခြင်း ဖြစ်သည် ဟု အလုပ်သမားအရေး ဆောင်ရွက်နေသည့် ရှေ့နေကိုဖိုးဖြူက ပြောသည်။ တိုင်ရီ စက်ရုံတွင် အလုပ်သမား ဆန္ဒပြမှုဖြစ်ပွားနေ သည်မှာ တလနီးပါး ရှိပြီဖြစ်ပြီး အလုပ်သမား ၁၈၀၀ ခန့် ရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။