ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က အစိုးရသက်တမ်း တနှစ်ပြည့်အနေနှင့် ပြောကြားသည့် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းကို ကြိုဆိုလိုက်ကြောင်း သိရသည်။ ယမန်နေ့က ရန်ကုန်တိုင်း တောင်ဥက္ကလာပ မြို့နယ် ဝေဇယန္တာ လမ်း၌ ကျင်းပသော ၎င်းတို့ဆောင်ရွက်နေသည့် ပွင့်လင်းလူ့အဖွဲ့ အစည်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားသွားခြင်း ဖြစ် သည်။ ထို့အပြင် ကချင်ဒုက္ခသည်များအရေး၊ ပြည်တွင်း ငြိမ်းချမ်းချမ်းရေး၊ တရားရေး စနစ်နှင့် သတင်းမီဒီယာ၏ အခန်းကဏ္ဍများကိုလည်း ထည့်သွင်း ပြေကြားသည် ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။