ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပ ပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောကြားလိုက်သည်။ ကြိုတင်မဲနှင့် ပတ်သက်၍လည်း ဥပဒေအရ ခွင့်ပြုထားသူမှ အပ ကျန်ပုဂ္ဂိုလ်များအားလုံး မဲရုံများတွင်သာ မဲပေးရမည်ဖြစ်ကြောင်း ယမန်နေ့က နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ တွေ့ဆုံညှိနှိုင်း စည်းဝေးပွဲ၌ ပြောကြားခြင်း ဖြစ်သည် ဟု ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။