မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာ က မြန်မာနိုင်ငံတွင်း စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေသေး၍ လူ့အခွင့်အရေး ကာကွယ်မှုကို အလေးထားဆောင်ရွက်ရန် အစိုးရကို တိုက်တွန်း လိုက်သည်။ တိုင်းရင်းသားအဖွဲ့များအရေး၊ ဆင်းရဲမွဲတေမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊၊ ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများလွှတ်ရေး စသည်တို့ကိုလည်း စောင့်ကြည့်လေ့လာနေကြောင်း ယမန်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ကျင်းပသော ၁၉ ကြိမ် မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး၌ မစ္စတာ ကင်တာနာက ပြောကြားခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံ ၏ပြောင်းလဲမှုများသည် နောက်သို့ ပြန်လှည့်သွားနိုင်သည့် အခြေအနေများလည်းရှိကြောင်း၊ နောက်ပြန်လှည့်နိုင်သည့် အခြေ အနေ တခုမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် စစ်တပ်ကို အခွင့်အာဏာများစွာ ပေးထားခြင်းဖြစ်ကြောင်းလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။