မြန်မာနိုင်ငံ၌ တရားရေးမဏ္ဍိုင် ထိန်းကျေားင်းတည့်မတ်ရေးနှင့် အရည်အချင်းပြည့်သည့် ရှေ့နေကောင်းများ ပေါ်ထွန်းရေးအတွက် ရှေ့နေများကောင်စီ ဥပဒေ(Bar Council Act)ကို ပြင်ဆင်ရန်ဆောင်ရွက်နေကြောင်း အမျိုးသားလွှတ်တော်တွင် ယမန်နေ့ကဆွေး နွေးသည်။ ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှန်(၃) ဦးဉာဏ်လင်း၏ “တရားရေး မဏ္ဍိုင် ထိန်းကျောင်း တည့်မတ် နိုင်သော အရည်အချင်းပြည့်ဝသည့် ရှေ့နေကောင်းများ ပေါ်ထွန်းလာရေး အတွက် အစီအမံများ ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရ အား တိုက်တွန်းကြောင်း” အဆိုကို ဒု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြန်လည်ဆွေးနွေးရာတွင် ထည့်သွင်း ပြောဆိုသွားခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။