ရွှေလီမြစ်ပေါ်တွင် တည်ဆောက်နေသော ရေကာတာများနှင့်ပတ်သက်ပြီး ဆန့်ကျင်ဆန္ဒပြပွဲကို ယမန်နေ့က ပလောင် တိုင်းရင်း သား လူငယ်များက တရုတ်-မြန်မာ နယ်စပ် ရွှေလီ မြစ်ကမ်းစပ်၌ ပြုလုပ်ကြသည်။ ပလောင် လူငယ် ၂၀ ခန့် က “ဝိုင်းဝန်း လက်တွဲပြီး မြစ်ရွှေလီကို ကာကွယ် ကြစို့”ဟူသော စာတန်းပါ တီရှပ်များဝတ်ဆင်၍ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဖြစ်ကြောင်း ပလောင် ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး က ထုတ်ပြန်ထားသည်။ ရွှေလီမြစ်ပေါ်တွင် အစိုးရက ရေအား လျှပ်စစ် စီမံကိန်း ၃ ခု ကို တည်ဆောက်နေသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။