ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကွန်ရက် အဖွဲ့က ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်း စဉ်များကို ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းပေါ်ရှိ ၈၈ မျိုးဆက်ကျောင်းသားများ ၏ ယာယီ ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကွန်ရက်ကို ၈၈ မျိုးဆက် ကျောင်းသားများ၊ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး၊ မြန်မာ့ ကွန်ရက် အပါအဝင် တက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များ၊ အယ်ဒီတာများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များဖြင့် ယမန်နေ့က စည်းဝေး ဆုံးဖြတ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။