မြန်မာ့ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ကုန်းတွင်းပိုင်း လုပ်ကွက် ၉ ခုကို နိုင်ငံခြား ကုမ္ပဏီ ၇ ခုသို့ လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်း စွမ်း အင် ဝန်ကြီး ဦးသန်းဌေးက ယမန်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသော စွမ်းအင် ဆိုင်ရာ အစည်းအဝေး တခုတွင် ပြောကြားသည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။ ယင်းသို့ လုပ်ကိုင်ခွင့်ရရှိရန် အတွက် နိုင်ငံခြား ကုမ္ပဏီများသည် အနည်းဆုံး ပြည်တွင်း ကုမ္ပဏီတခုနှင့် တွဲဖက်ဆောင်ရွက်မှုလိုအပ်သည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။