တိုင်းရင်းသာရေးရာ ဝန်ကြီးများကို ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနည်းတူ လုပ်ပိုင်ခွင့်၊ အဆောင်အယောင်များ ရရှိပေးအပ်ရန် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးမှ ယမန်နေ့က ဆုံးဖြတ်ပေးခဲ့သည်။ ထိုဆုံးဖြတ်ချက်အရ ဒေသ အသီးသီးရှိ တိုင်းရင်းသားရေးဝန်ကြီးများသည် ပြည်နယ်၊ တိုင်း အစိုးရအဖွဲ့ ဝန်ကြီးများကဲ့သို့ အစိုးရအဖွဲ့ အစည်းအဝေးသို့ တက်ရောက်ခွင့်၊ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ၊ လုပ်ပိုင်ခွင့်များ ရရှိမည်ဖြစ်သည်။ တနိုင်ငံလုံး၌ တိုင်းရင်း သားရေးရာဝန်ကြီး၂၉ ဦးရှိပြီး ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ဗမာ၊ ရှမ်း စသည့်တိုင်းရင်းသား ဝန်ကြီးများ ရှိသည်။ ထိုကိစ္စအား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ပါ ကိုယ်စားလှယ် ၂၀ ဝန်းကျင် က လက် မှတ်ထိုး၍ တရားရုံးသို့ ဦးတည်လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။