ယနေ့ နံနက် ၁၀ နာရီတွင် စတင်သော လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းကျိန်ကြောင်း သတင်းရရှိသည်။ တခြား NLD လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း၊ ဦးဖြိုးဇေယျာသော်တို့သည် သြစတြေးလျနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်နေသဖြင့် လွှတ်တော်မတက်နိုင်သေးကြောင်း ခွင့်တိုင်ကြားထားသည်ဟု သိရသည်။ ပြည်သူများ၏ ဆန္ဒနှင့် တိုင်းရင်းသား မဟာမိတ်ပါတီများ၏ မေတ္တာရပ်ခံချက်ကို အလေးထားသောအားဖြင့် ကျမ်းကျိန်လွှာ ပြင်ဆင်ပေးခြင်း မရှိသော်လည်း လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းကျိန်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၃၀ ရက်နေ့တွင် ကြေညာခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။