မြန်မာအစိုးရက နိုင်ငံတကာ ငွေကြေးလွှဲပြောင်း ပေးချေမှုဆိုင်ရာ ကန့်သတ်ထားမှုအားလုံးကို လာမည့် ၂၀၁၃ ခုနှစ် မကုန်ခင် ဖယ်ရှားသွားရန် စီစဉ်နေကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ပါက ကုမ္ပဏီများအနေဖြင့် ကုန်သွယ် ကူးသန်းရောင်းဝယ်မှုများ လွယ် ကူ ချောမွေ့သွားမည် ဖြစ်ကြောင်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF) ကပြောသည်။ မြန်မာနိုင်ငံအတွင်း ပြုလုပ်နေသည့့် အပြောင်းအလဲများသည် လက်ရှိအတိုင်း ဆက်လက် ဆောင်ရွက်သွားပါက အာရှတွင် တိုးတက်မှုအမြင့်ဆုံး နိုင်ငံတနိုင်ငံ ဖြစ်လာ ဖွယ် ရှိသည်ဟုလည်း IMF ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။