သမ္မတ ဦးသိန်းစိန်က ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် တရုတ်နိုင်ငံသို့ အကူအညီ တောင်းလိုက်သည်။ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် မစ္စတာ ဝမ်ဂန်း နှင့် ယမန်နေ့က နေပြည်တော် ပြည်တော်၌ တွေ့ဆုံရာဆွေးနွေးရာတွင် ဦးသိန်းစိန်က ပြောဆိုခြင်း ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြ ထားသည်။ မစ္စတာ ဝမ်ဂန်း နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များသည် မြန်မာ အပါအဝင် နမီးဘီးယား၊ ဂျော်ဒန် နှင့် အိုင်ယာလန် နိုင်ငံ များသို့ တနင်္ဂနွေနေ့က စတင်ပြီး ချစ်ကြည်ရေး ခရီးစဉ်ထွက်ခွာလာခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။