ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ တိုင်းရင်းသား လူငယ်တစုက ရန်ကုန်မြို့တော် ခန်းမရှေ့တွင် “အကြမ်းဖက်ခံ ရခိုင်အမျိုးသား ညီအစ်ကို မောင်နှမများအား စာနာထောက်ထားပါသည်။ တိုင်းတပါးသားများ ကျူးကျော်မှု အပြင်းအထန် ကန့်ကွက်ရှုတ်ချပါသည်” ဟု ရေးသားထားသော စာရွက်များ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ နောက်ထပ် ဆန္ဒထုတ်ဖော်မည့် သူများရောက်ရှိ မလာမီတွင်ပင် အာဏာပိုင်များက ဖြောင်းဖျကာ လူစုခွဲလိုက်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။