သမ္မတ ဦးသိန်းစိန်၏ ဘင်္ဂလားဒေ့ရှ် နိုင်ငံခရီးစဉ်ကို ဇူလိုင် ၁၅ ရက်နေ့တွင် သွားရန် စီစဉ်ထားသော်လည်း ယခုအခါ ရွှေ့ဆိုင်း လိုက်ကြောင်း သတင်းရရှိသည်။ သမ္မတ၏ အဆိုပါ ခရီးစဉ်အတွင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံအကြား စီးပွားရေး၊ နိုင်ငံရေး၊ ၂ နိုင်ငံ ဆက်ဆံရေး စသည့် အရေးကိစ္စများ အပါအဝင် လတ်တလော ရခိုင်ပြည်နယ် ပဋိပက္ခ နောက်ဆက်တွဲ ပြဿနာများ ဖြေရှင်းရေးအတွက် ဘင်္ဂလားဒေ့ရ်ှ အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။ သို့သော် ရခိုင်ပြည်နယ်အတွင်း အရေးပေါ် အခြေအနေ ကြေညာထားရဆဲ ဖြစ်၍ ခရီးစဉ်ကို မြန်မာဘက်က ရွှေ့ဆိုင်းကြောင်း၊ မြန်မာ ဒု နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့်နှင့် အဖွဲ့ဝင် တချို့မှာမူ ယခုအခါ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေပြီး သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ် ရှေ့ပြေးအဖြစ် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် ဆွေးနွေးနေကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများက ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။