NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော် အစည်းအဝေး တက်ရောက်ရန် ယမန်နေ့က နေပြည်တော် သို့ ရောက် ရှိနေပြီဖြစ်သည်။ စတုတ္ထအကြိမ် ပုံမှန်လွှတ်တော် အစည်းဝေးကို ဇူလိုင်လ ၄ ရက်နေ့ကတည်းက စတင်ခဲ့ခြင်းဖြစ်သော် လည်း ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၃ ရက်မှ လကုန်ပိုင်းအထိ သွားရောက်ခဲ့သည့် ဥရောပ ခရီးစဉ်ကြောင့် အနားယူခဲ့ရပြီး ဇူလိုင် ၉ ရက်မှ တက်ရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ လွှတ်တော် အစည်းအဝေးများ တက်ရောက်နေစဉ် အတွင်း ငှားရမ်းထားသော နေပြည်တော် ဥတ္တရ သီရိ မြို့နယ်ရှိ နေအိမ်၌ နေထိုင်မည် ဖြစ်ကြောင်း NLD က ပြော သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။