ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဝပ် ဆိုင်မွန်း မြန်မာ ဘုန်းတော်ကြီး ကျောင်းတိုက်၌ ယမန်နေ့ ညပိုင်းက မြန်မာနိုင်ငံမှ ကြွရောက်လာသော ကမ္ဘာ့ ဗုဒ္ဓဘာသာ သာသနာပြု သီတဂူ ဆရာတော် အရှင်ဉာဏိဿရ ၏ တရားပွဲ ကျင်းပသည်။ ပထမဆုံး အကြိမ်ကျင်းပသော တရားပွဲဖြစ်ပြီး ဆရာတော်ကြီးက“ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး”အမည်ရှိ တရားနှင့် မျိုးချစ်စိတ် ထားရှိရန်၊ မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်ရန်တို့ကို ဟောကြားသွားသည်။ ဝပ် ဆိုင်မွန်း ကျောင်းကို ကျောင်းထိုင် ဆရာတော် ဦးအာသဘ ယမန်နှစ်က ပျံလွန်တော်မူပြီးနောက် ထိုင်းက သိမ်းယူရန် စီစဉ်ခဲ့သည်။ ပြီးခဲ့သည့်အပတ် တနင်္လာနေ့က ထိုင်း သာသနာရေး ဦးစီးဌာနအပါအဝင် ထိုင်း လူမျိုး တချို့က ထိုင်းသံဃာများကို ကျောင်းအပ်ပွဲပြုလုပ်ရန် စီစဉ်မှုကြောင့် ကျောင်းဂေါပက အဖွဲ့နှင့် ချင်းမိုင်ရှိ မြန်မာ အသိုင်းအဝိုင်း ၏ ကန့်ကွက်၍ အစီအစဉ်ပျက်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။