မြန်မာနိုင်ငံတွင်းရှိ သတ္တု တူးဖော်ရေး လုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် နိုင်ငံခြား လုပ်ငန်းရှင်များကို မြန်မာ အစိုးရက ဖိတ် ခေါ်လိုက်သည်။ နိုင်ငံပေါင်း ၂၆ နိုင်ငံက ကိုယ်စားလှယ် ၃၀၀ ခန့် တက်ရောက်သည့် ယမန်နေ့က ရန်ကုန်မြို့တွင် ကျင်းပ သော ရှင်းလင်းပွဲတခုတွင် အစိုးရ သတ္တုတွင်း ဝန်ကြီးဌာန အဆင့်မြင့် အရာရှိ တဦးဖြစ်သည့် ဦးဝင်းထိန်က ထိုသို့ ပြောဆိုခဲ့ကြောင်း AFP သတင်းက ဖော်ပြသည်။ သြစတြေးလျ၊ တရုတ်၊ ရုရှား၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံများမှ ကုမ္ပဏီ ၇ ခုသည် သံ၊ သွပ်၊ ရွှေနှင့် တခြားသတ္တု ရှာဖွေရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ကျောက်မျက်ရတနာ တူးဖော်မှုကိုတော့ ခွင့်မပြုသေးကြောင်းလည်း ဦးဝင်းထိန်က ပြောသည်ဟု ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။