ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် အတွင်း လှုပ်ရှားနေသည့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) တပ်ဖွဲ့ဝင် ၁၄ ဦးကို နယ်မြေ ကျူးကျော်မှုဖြင့် နယ်မြေခံ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) တပ်က ဖမ်းဆီးထားသည်။ အရာရှိ ၂ ဦး ပါဝင်သော အဆိုပါ SSA-S တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်၍ ဖမ်းဆီးထိန်းခံနေရပြီး ယနေ့အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း SSA-S က ပြောသည်။ ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေး အတွက် တာဝန် ရှိသူများ ညှိနှိုင်း ဆောင်ရွက်နေကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။