ဂျပန်နိုင်ငံမှ မစ်ဆူဘီရှီ ကော်ပိုရေးရှင်း သည် နေပြည်တော်၌ လာမည့် စက်တင်ဘာလ ၁ ရက်တွင် ရုံးခွဲတခု ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန်နှင့် သတင်း အချက်အလက် စုစည်း ရန်အတွက် ဖြစ်ကြောင်း Kyodo သတင်း၌ ရေးထားသည်။ မစ်ဆူဘီရှီ သည် ၁၉၅၄ ခုနှစ်မှစ၍ ရန်ကုန်တွင် ရုံးခွဲဖွင့်လှစ်ထားပြီး ဖိုင်ဘာပစ္စည်းများ၊ စားသောက်ကုန်များ၊ သံမဏိနှင့် စက်ယန္တရား ထုတ်ကုန်များကို ကုန်သွယ် ကူးသန်းရောင်းဝယ်မှု ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။