ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် ကချင်လက်နက်ကိုင် တပ်ဖွဲ့များ တိုက်ပွဲကြောင့် ယခုတပတ် စနေနေ့မှ စတင်၍ ဖား ကန့် မြို့ပေါ်သို့ စစ်ဘေး ဒုက္ခသည် သုံးသောင်းခန့် ထွက်ပြေး ရောက်ရှိလာကြောင်း သတင်းရသည်။ ထွက်ပြေးလာသူများမှာစတော်ခ၊ အင်ပါးလာခ၊ မျောက်ဖြူ၊ မရမ်၊ တောင်ပြို၊ မော်မောဘွန်၊ မော်ဝိုင်းကြီး၊ မော်ဝိုင်းလေး စသည့် ကျေးရွာများမှ ဖြစ်ပြီး သက်ကြီးရွယ်အိုများ၊ ကလေးငယ်များလည်း ပါဝင်ကြောင်း ဒုက္ခသည်များကို ကူညီနေသည့် NGO အဖွဲ့ဝင်တဦးက ပြောဆိုသည် ဟု RFA ရေဒီယို သတင်းတွင် ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။