ကချင်ပြည်နယ် ကမ္ဘာ့ အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေ ဟူးကောင်းချိုင့်ဝှမ်း ဒေသခံများသည် ပြည်သူ့လွှတ်တော် အမတ် ဦးဌေးမြင့် ၏ ယုဇန ကုမ္ပဏီက သိမ်းယူထားသော မြေဧက ၂ သိန်းကျော် ပြန်ရရေး ဆန္ဒပြခွင့်ရရန် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်သို့ သွားရောက်နေပြီဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့ရှိ ယုဇန ကုမ္ပဏီအား ဆန္ဒပြရန် ဒေသဆိုင်ရာ အာဏာပိုင်များထံ ခွင့်တောင်းရာ တိုက်ရိုက်ခွင့်ပြုချက်မပေးသဖြင့် နေပြည်တော်သို့ တက်၍ ဆွေးနွေးညှိနှိုင်းရန်အတွက် သွားရခြင်းဖြစ်ကြောင်း တောင်သူ လယ်သမားများ ဘက်မှ ကူညီပေးနေသူ NDF ပါတီဝင် ဒေါ်ဘောက်ဂျာ က ဧရာဝတီသို့ ပြောသည်။ ဆန္ဒပြခွင့်ကို နေပြည်တော်က ခွင့်ပြုချက်ရရှိလျှင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ NLD ပါတီ ရုံးချုပ် အနီးရှိ ယုဇန ကုမ္ပဏီအား ဟူးကောင်းချိုင့်ဝမ်းမှ တက်လာသည့် ဒေသခံ တောင်သူလယ်သမားများက ဆန္ဒထုတ်ဖော်ကြမည်ဖြစ်ကြောင်း သိရသည်။ ဒေသခံများထံမှ သိမ်းဆည်း ထားသော မြေများကို ယုဇနကုမ္ပဏီက ရွှေတူးဖော်ရေး လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေကြာင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။