ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများနှင့် ပတ်သက်မှု၍ ထောင်ဒဏ်ကျခံနေရသော UN နှင့် INGO ဝန်ထမ်း ၃ ဦးကို သမ္မတ ဦးသိန်းစိန်က ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ကြောင်း သြဂုတ် ၂၈ ရက်စွဲဖြင့် ထုတ်ပြန်သည်။ ထို ၃ ဦးမှာ ဦးကာယက်စ် (ခ)ခင်ရွှေ (WFP) ထောင်ဒဏ် (၂)နှစ်၊ ဦးအဏာဝါဆာဒဏ်(ခ)ခင်မောင် (UNHCR) ထောင်ဒဏ် (၃)နှစ်၊ ဒေါ်ချိုလေးမာ(ခ)ချိုမာ (CSSEP) ထောင်ဒဏ် (၆)နှစ် ပြစ်ဒဏ် အသီးသီးကို ရခိုင်ပြည်နယ် မောင်တော ခရိုင် တရားရုံးက ပြီးခဲ့သည့် သောကြာနေ့တွင် ချမှတ် ခံခဲ့ရသူများ ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။