မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ် မစ်ချဲလ် သည် ရခိုင်ပြည်နယ်သို့ သွားရောက်ရန် ရှိကြောင်း သိရ သည်။ ယခုလ ၉ ရက်တွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ စတင် သွားရောက်မည် ဖြစ်ပြီး ရခိုင်ဒေသတွင်း ပဋိပက္ခများနှင့် ပတ်သက်၍ လေ့လာရန် ဖြစ်ကြောင်း အမည်မဖော်လိုသူ အရာရှိတဦးကို ကိုးကား၍ နိရဉ္ဇရာ သတင်းက ဖော်ပြသည်။ သို့သော် ရက်မည်မျှ နေ မည်၊ မည်သူနှင့် တွေ့၍ မည်သည့် ကိစ္စများ လုပ်ဆောင်မည်ဆိုသည်ကို အတိအကျ မသိရှိရကြောင်း၊ အမေရိကန် သံရုံးကလည်း တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးကြောင်းလည်း ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။