နှစ်ပေါင်း ၆၀ ကျော် မြန်မာနိုင်ငံနှင့် ဝေးကွာခဲ့သော ကိုကာကိုလာ အချိုရည် ကုမ္ပဏီသည် မကြာမီမြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ Pinya Manufacturing Co Ltd. ကုမ္ပဏီနှင့် ပူးပေါင်း လုပ်ကိုင်မည် ဖြစ်ပြီး ပုလင်းသွတ် လုပ်ငန်းကိုသာ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ယမန်နေ့တွင် ကိုကာကိုလာ က ထုတ်ပြန်ထားသည်။ ကိုကာ ကိုလာ က မြန်မာအမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်း အတွက် ဒေါ်လာ ၃ သန်း ထောက်ပံ့မည်ဟုလည်း ဇွန်လ အတွင်း က ကြေ ညာ ထားသည်။ ကိုကာကိုလာ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လွတ်လပ်ရေး မရမီ ၁၉၂၇ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု စတင် လုပ်ကိုင်ခဲ့ဖူးပြီး ၁၉၄၉ ခုနှစ်က ပြန်လည် ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။