စစ်ကိုင်းတိုင်း မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင်သည့်အတွက် ဖမ်းဆီးခံထားရသည့် ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်း အပါအဝင် ၃ ဦးကို အမြန်ဆုံးပြန်လွှတ်ရန်၊ အဆိုပါ စီမံကိန်းကို ရုပ်သိမ်းပေးရန်ဆိုသည့် ပိုစတာများ ကိုင်ဆောင်ထားသည့် လူ ၃၀၀ ခန့် မုံရွာမြို့ အမှတ်(၁) ရဲစခန်းရှေ့၌ ယနေ့ မွန်းလွဲပိုင်းက ဆန္ဒထုတ်ဖော်နေကြောင်း သတင်းရသည်။ အဆိုပါ ဆန္ဒပြ သူ များကို လုံခြုံရေး တပ်ဖွဲ့များက ဝိုင်းထားသည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။