မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အလားအလာ အရ ရန်ကုန်မြို့တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ် ၄ လုံး ထပ်မံ ဆောက်လုပ် နေ ကြောင်း သိရသည်။ ယင်း ဟိုတယ်များမှာ အိပ်ခန်း ၂၄၀ ပါ ရှန်ဂရီလာ ကွန်းပလပ်စ်၊ အိပ်ခန်း ၆၀ (လက်ရှိ) ပါ ရို့စ် ဂါးဒင်း၊ အိပ် ခန်း ၂၇၀ ပါ စင်တာပွိုင့်၊ အိပ်ခန်း ၁၀၀ ပါ နဝရတ် ဟိုတယ်တို့ ဖြစ်သည်ဟု အစိုးရ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းတာဝန်ရှိသူ တဦး က ပြောကြားကြောင်း The Voice အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။ ထို့အပြင် ပြည်တွင်း လုပ်ငန်းရှင်များက ချဲ့ထွင်နေသော ဟိုတယ် အခန်း စုစုပေါင်း ၁၀၀၀ အပါအဝင် ၂၀၁၃ ခုနှစ်အတွင်း ဝင်ရောက်လာမည့် ဧည်သည် ပေါင်း ၉ သိန်း ခန့်အတွက် အခန်း ပေါင်း ၁၆၇၀ ခန့် ထွက်ပေါ်လာမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် လက်ရှိ ဟိုတယ် ၁၉၅ လုံး ရှိပြီး အခန်းပေါင်း ၈၃၅၆ ခန်း ခန့်ရှိကြောင်း၊ မြန်မာ တနိုင်ငံလုံးတွင် ဟိုတယ် အခန်းပေါင်း ၂၆၀၀၀ ခန့်ရှိကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။