ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ “တခုတည်းသော ကမ္ဘာ”(One world) အမြင်ကို ယုံကြည် ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောသည်။ ဦးသန့်အနေနှင့် ကမ္ဘာကြီးကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ပြီး မတူကွဲပြား ခြားနားမှုများ ရှိနေသော်လည်း လုံခြုံ ဘေးကင်းသော ကမ္ဘာကြီးအဖြစ် မျှော်မှန်းထားကြောင်း၊ ကမ္ဘာ့ ပြည်သူ အပေါင်းသည် ကိုယ်ချင်းစာ တရား၊ နားလည်မှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ သည်းခံခွင့်လွှတ်မှု များကို လိုက်နာကျင့်သုံးနိုင်မည်ဟု လည်း မျှော်မှန်းထားကြောင်း၊ ထို အမျှော်အမြင်အရ လိုက်နာကျင့်သုံးနိုင်မည် ဆိုပါက ပိုမို ငြိမ်းချမ်းပြီး သာယာဝပြောသည့် ကမ္ဘာကြီးအဖြစ်သို့ ပိုမိုလျှင်စွာ ရောက်ရှိနိုင်မည်ဟု ယုံကြည်မိကြောင်း ဦးသိန်းစိန်က ပြောဆိုခြင်း ဖြစ်သည်။ မြန်မာပြည်သူများအနေနှင့် ဦးသန့်၏ ဆောင်ရွက် ချက် များနှင့် အောင်မြင်မှုများကို မည်သို့မျှ မေ့ပျောက်သွားမည် မဟုတ်ဘဲ အစဉ်ထာဝရ ချီးကျူး ဂုဏ်ယူနေမည်ဟုလည်း ဆို သည်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပသော ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် စက်တင်ဘာ ၂၇ ရက်က ပြောကြားသော မိန့်ခွန်းတွင် ဦးသိန်းစိန်က ပြောကြား သွားခြင်း ဖြစ်သည်။ အမေရိကန်တွင် ရောက်ရှိနေသော ဒေါ်အောင် ဆန်းစုကြည်၏ ဂုဏ်ပြု ခံရမှုများနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံသား တယောက်အနေနှင့် ဂုဏ်ယူဝမ်းမြောက် ကြောင်း ဦးသိန်းစိန်က ထည့်သွင်း ပြောကြားခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။