ပြည်ထောင်စုလွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေးကို ယခုလ ၂၂ ရက်နေ့တွင် ခေါ်ယူမည်ဖြစ်ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။ ယခုခေါ်ယူမည့် ပြည်ထောင်စုလွှတ်တော်တွင် သမ္မတ ဦးသိန်းစိန်က ပြန်လည်ပြင်ဆင်လိုသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ဆွေးနွေးကြမည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ ၅ ကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာလ ၁၈ ရက်နေ့တွင် စတင်ခေါ်ယူမည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။