စစ်ကိုင်းတိုင်း ကနီမြို့နယ် လက်ပံစု ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း မောင်းနှင်နေသော စက်လှေတစီးပေါ်မှ ကျပ်သိန်း ၁၃၃၇၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ စက်တင်ဘာ ၂၉ ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။ မုံရွာ မူးယစ် အထူး အဖွဲ့မှ ဖမ်းဆီးရမိသော ယင်းမူးယစ်ဆေးများမှာ ဆာလာအိတ် ၅၆ အိတ်ဖြင့် ထည့်ထားသော ဆူဒို အက်ဖီဒရင်း အာနိသင်ပါ ဆေးများနှင့် အက်ဖီဒရင်း ဆေးများ ဖြစ်ပြီး တရားခံ ၅ ဦးကိုလည်း တပါတည်း ဖမ်းမိခဲ့သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။