မကြာသေးခင်က နာမည်ပျက် စာရင်းမှ ပယ်ဖျက်ပေးခံရသည့် ဆွီဒင် လူမျိုး နာမည်ကြီး သတင်းစာဆရာ ဘာတေး လစ်တနာ (Bertil Lintner) ကို မြန်မာအစိုးရက ပြည်ဝင်ခွင့် ဗီဇာ ပေးလိုက်ကြောင်း သတင်းရသည်။ ၎င်းသည် အောက်တိုဘာ ၁၅ ရက်မှ ၂၁ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်သည်ဟု Eleven Media Group အင်တာနက် စာမျက်နှာ၌ ပါရှိသည်။ ဘာတေး လစ်တနာ သည် မြန်မာပြည် ဗီဇာ ရရှိရန် အကြိမ်များစွာ ကြိုးပမ်းခဲ့ရကြောင်း၊ ၎င်းကို အစိုးရက ၁၉၈၅ ခုနှစ်ခန့်ကပင် ဗီဇာပိတ်ပင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာပြည်နှင့် ပတ်သက်ပြီး တိုင်းရင်းသား အရေး၊ ကွန်မြူနစ်ပါတီ၊ စစ်ခေါင်းဆောင်များ၊ ဒီမိုကရေစီ အရေး၊ မူးယစ်ဆေးဝါး စသည့်အကြောင်းအရာ များစွာကို နိုင်ငံတကာ စာနယ်ဇင်းများတွင် ရေးသား ထုတ်ဝေခဲ့သူ ဖြစ် သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။