ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ယခုနှစ်အတွင်း တရားမဝင်လိုင်စင်မဲ့ကား အစီး ၄၀ ကျော် ဖမ်းဆီး စစ်ဆေးခြင်းမရှိဘဲ အသုံးပြုနေ သည်ဟု ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ရေးသားထားသည်။ ယင်းကားများကို ပိုင်ရှင်များက ကုမ္ပဏီများသို့ အခကြေးငွေ ယူ ၍ တရားမဝင် ငှားရမ်းထားခြင်း ဖြစ်ကြောင်း၊ လိုင်စင်စာအုပ် အတု၊ ဝှီးတက်အတု၊ ကားနံပါတ် အတုများဖြင့် အသုံးပြုနေခြင်း ဖြစ် ကြောင်း လည်း ပါရှိသည်။ ကျောက်ဖြူတွင် ရေနက် ဆိပ်ကမ်းနှင့် တရုတ်နိုင်ငံသို့ ပေးပို့ရန် ရေနံ နှင့် သဘာ၀ ဓာတ်ငွေ့ ပိုက် လိုင်း စီမံကိန်းများ လုပ်ကိုင်နေပြီး ယင်းလုပ်ငန်းများတွင် တရုတ် ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ ဝန်ထမ်းများ လုပ်ကိုင်နေကြောင်း သိရ သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။