ပြည်ပသို့ Viber စနစ်ဖြင့် မိုဘိုင်းဖုန်း သုံးခြင်း တရားမဝင်၍ လိုင်းဖြတ်မည် ဆိုသည့် သတင်းနှင့် ပတ်သက်၍ ပြောဆိုဖြေကြားခြင်း မရှိကြောင်း အစိုးရ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနက ရှင်းလင်းသည်။ အောက်တိုဘာ ၁၈ ရက်ထုတ် ပေါ်ပြူလာ နယူးစ် ဂျာနယ်၏ဖော်ပြချက်ပါ ၎င်းသတင်းနှင့်ပတ်သက်ပြီး မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ်များက ဖြေကြားပြော ဆိုခြင်း မရှိခဲ့ကြောင်း၊ ထိုသို့ ဖြေကြားခြင်း မရှိကြောင်းကိုလည်း နောက်တပတ်ထုတ် ပေါ်ပြူလာ နယူးစ် ဂျာနယ်တွင် ပြန်လည်ဖော်ပြ ပေးရန်ရှိကြောင်း ဆက်သွယ်ရေး ဝန်ကြီးဌာန ၏ ရှင်းလင်းချက်ကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။