ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် ပဋိပက္ခများ ၌ နောက်ကွယ် မှ ကြိုးကိုင်လှုပ်ရှားနေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ ရှိနေသောကြောင့် ဖော်ထုတ် ၍ ဥပဒေအရ ထိရောက်စွာ အရေးယူ သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ရုံးက ထုတ်ပြန်လိုက်သည်။ ကျောက်ဖြူ၊ မင်းပြား၊ မြေပုံ နှင့် မြောက်ဦး မြို့နယ်များတွင် လတ်တလော ထပ်မံဖြစ်ပွားသည့် အကြမ်းဖက်မှုများကြောင့် အောက် တိုဘာ ၂၄ ရက်အထိ သေဆုံးသူ ၁၂ ဦး၊ ဒဏ်ရာရသူ ၅၀ ၊ လူနေအိမ် ၁၉၄၈ အိမ်၊ ဘာသာရေး အဆောက် အအုံ ၈ ခု မီးလောင် ပျက်စီးဆုံးရှုံးသွားပြီး လူအများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည် ဟု လည်း အောက်တိုဘာ ၂၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ယင်း သတင်းထုတ်ပြန်ချက် ၁/၂၀၁၂ တွင် ပါရှိသည်။ မေလ နှင့် ဇွန်လ၌ ဖြစ်ပွားသော အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ဇွန်လ ၁၄ ရက်အထိ သေဆုံးသူ ၅၀ ၊ ဒဏ်ရာရသူ ၅၄ ဦး၊ လူနေအိမ် ၂၂၃၀ ၊ ဘာသာရေး အဆောက်အအုံ ၁၄ ခု မီး လောင် ဆုံးရှုံးခဲ့ကြောင်း၊ ဒေသခံ ပြည်သူ ၆၁၄၆၂ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ပြီး ဒုက္ခသည်စခန်းများသို့ ရောက်ခဲ့ရကြောင်းလည်း ဖော်ပြ ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။