ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် အဓိကရုဏ်းများကြောင့် စက်လှေအစီး ၄၀ ကျော်ဖြင့် ဒုက္ခသည်များ ထွက်ပြေးကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်က ၎င်းတို့၏ နယ်ခြားစောင့်တပ် (GBG) များကို တပ်လှန့်ထားသည်။ မြန်မာနယ်စပ်အနီးရှိ ကောက်စ်ဘဇား ခရိုင် အုပ်ချုပ်ရေးမှူး ရာဟု အာမင်က ယမန့်က တာ့ခ်နာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး နတ်မြစ်တလျှောက် မြို့နယ်များရှိ BGB တပ်များကို တပ်လှန့်လိုက်ခြင်း ဖြစ်သည်။ တာ့ခ်နာ အခြေစိုက် အမှတ် (၄၂) နယ်ခြားစောင့် တပ်ရင်းမှူး ဂျာဟစ် အာဆန်ကလည်း ၎င်း၏ တပ်ရင်းနှင့် စခန်းများကို တပ်လှန့်ထားကြောင်း၊ မြန်မာဘက်မှ မွတ်စလင်ဒုက္ခသည်များကို ကမ်းကပ်ခွင့် ပေးမည် မဟုတ်ကြောင်း သတင်းထောက်များကို ပြောသည်။ မြန်မာနိုင်ငံဘက်အခြမ်းတွင် မောင်တောမြို့နယ်အတွင်း နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး နယ်မြေ ၁၊ ၂၊ ၃ တို့တွင် အင်အားတိုးချထားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။