စင်္ကာပူ လေကြောင်းလိုင်း(SIA) သည် မြန်မာနိုင်ငံ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တနင်္ဂနွေနေ့က စတင် ပြေးဆွဲကြောင်း သိရသည်။ ဘိုရင်း ၇၇၇-၂၀၀ အမျိုးအစား လေယာဉ် ၇ စီးဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း၊ ဒေသတွင်း ပြေးဆွဲနေသည့် Silk Air လေကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ရာ လက်ရှိတွင် Silk Air က ရန်ကုန် သို့ တပတ်လျှင် လေယာဉ် ၁၆ စီး ပျံသန်းနေ ခြင်း ဖြစ်ကြောင်း၊ SIA အစီအစဉ် စတင်ပြီးနောက်တွင် Silk Air က Airbus A320 အမျိုးအစား လေယာဉ် ၉ စီးသာ ပျံသန်း တော့ မည်ဖြစ်ကြောင်း ဆင်ဟွာ သတင်းက ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။