အာရှအကောင်းဆုံး ဘောလုံးသမား ၁၁ ဦး စာရင်းတွင် လက်ရှိ မြန်မာ့ လက်ရွေးစင်အသင်းနှင့် ရန်ကုန် ယူနိုက်တက်အသင်းတို့တွင် ခြေစွမ်းပြ ကစားနေသည့် ကြည်လင်း ပါဝင်ကြောင်း ကမ္ဘာကျော် အားကစား ဝက်ဘ်ဆိုက်ဖြစ်သည့် goal.com က ဖော်ပြ ထား သည်။ ကြည်လင်းကို အကောင်းဆုံး ကွင်းလယ် ညာတောင်ပံ ကစားသမား အဖြစ် ရွေးချယ်ကြောင်း၊ ယင်းစာရင်းကို goal.com အယ်ဒီတာ အဖွဲ့က အောက်တိုဘာလ အတွက် ရွေးချယ် ဖော်ပြခြင်း ဖြစ်ကြောင်း သိရသည်။ အီတလီ စီရီးအေနှင့် ဂျာမန် ဘွန်ဒက်လီဂါ တို့တွင် သွားရောက် ကစားနေကြသော နာမည်ကြီး အာရှတိုက်သား ကစားသမားများနှင့် အတူ အာရှ လက်ရွေးစင် ၁၁ ဦးစာရင်းတွင် မကြာသေးခင်က မြန်မာ့မြေပေါ်တွင် ကစားခဲ့သော ဆူဇူကီးဖလား ခြေစစ်ပွဲ၌ ခြေစွမ်းပြ ကစားခဲ့သည့် အသက် ၂၀ အရွယ် ကစားသမား ကြည်လင်း ကို ရွေးချယ်ဖော်ပြခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။