၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပယ်ဖျက်၍ အသစ်ရေးဆွဲ ပြဌာန်းရေး အဆို ယမန်နေ့က အမျိုးသား လွှတ်တော်တွင် ကန့်ကွက်မှုများ၍ မအောင်မြင်ဘဲ မှတ်တမ်း အနေဖြင့် ထားရှိရန် ဆုံးဖြတ်ကြောင်း သိရသည်။ ယင်း အဆိုကို စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၇ မှ ဦးတင်မြက တင်သွင်းခြင်း ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးခင်ရီက ယင်းဥပဒေ နှင့် ပတ်သက်ပြီး မည်သည့် အခန်း ပုဒ်မ အားနည်းနေ၍ ပြင်ဆင်ရန် လိုအပ်သည်ကို တိကျစွာ အတည်ပြုထောက်ပြ သင့်သည်ဟု အကြံပြုလိုကြောင်းနှင့် အချိန်ယူ စဉ်းစားသင့်ကြောင်း ပြန်လည် ရှင်းလင်းသည်ဟု အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။