ရှမ်းပြည်နယ် မြောက်ပိုင်း ရွှေသဘာ၀ ဓာတ်ငွေနှင့် ရေနံပိုက်လိုင်း စီမံကိန်းကြောင့် ဒေသခံများ လူ့အခွင့်အရေး ချိုးဖောက်ခံ နေရ မှု များနှင့် ပတ်သက်ပြီး“ပိုက်လိုင်း အိပ်မက်ဆိုး” အမည်ရှိ သတင်းစာ ရှင်းလင်းပွဲ တခုကို ယနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့တို့တွင် ကျင်းပသည်။ ပလောင်(တအာင်း) ကျောင်းသားနှင့် လူငယ်အစည်းအရုံး(TSYO) အဖွဲ့က အချက်အလက်များ ပြုစု၍ ရှမ်းပြည်နယ် မြောက်ပိုင်းမှ မြို့နယ် ၆ ခုနှင့် ကျေးရွာ ၅၁ ရွာ အတွင်း ရွှေသဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း စီမံကိန်း အတွက် လုံခြုံရေး တာဝန်ယူသည့် အစိုးရ စစ်တပ်၊ ရဲ တပ်ဖွဲ့နှင့် ပြည်သူ့စစ် အဖွဲ့တို့က လူ့အခွင့်အရေး ချိုးဖောက်မှုများကို အဓိက ဖော်ပြထားခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။