ယခုနှစ် အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့သော အဖွဲ့ဝင် ၅ ဦးပါ သတင်းစာအုပ်ချုပ်ရေးအဖွဲ့က နိုင်ငံပိုင်သတင်းစာများကို အများပြည်သူဝန်ဆောင်မှု သတင်းစာများအဖြစ် ပြောင်းလဲရာတွင် လိုက်နာရန်အတွက် အချက် ၁၆ ချက်ပါ ကျင့်ဝတ်ပြဌာန်းချက်ကို သတ်မှတ်ထုတ်ပြန်လိုက်သည်။ အပြောင်းအလဲလုပ်မည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် The New Light of Myanmar သတင်းစာများကို အဆိုပါ ကျင့်ဝတ်များနှင့်အညီ သတင်းများ ရေးသားဖော်ပြသွားစေမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။